CMYK & RGB ကာလာအရောင်လွဲမှားပြီးမထွက်အောင်ပြင်ဆင်နည်း
CMYK & RGB ကာလာတွေကို Print Out ထုတ်ရာမှာ လွဲမှားတတ်တဲ့အကြောင်းလေးတွေကို ဒီဇိုင်းသမားတွေအတွက် အကြံပြုချက်တစ်ခုအနေနဲ့ ရေးသားပေးထားတာပါ။(အမှားများပါရင်လည်းခွင့်လွှတ်ပါ၊ လိုအပ်ချက်တွေရှိနေရင်းလည်း ကျွန်တော်ကို့ပြောပါ၊ ကျွန်တော်လည်း ပညာရတာပေါ့)။
ကာလာကိုလွယ်လွယ်ကလစ်ယူတတ်သောအကျင့်ကြောင့်အမှား
CMYK & RGB ကာလာလွဲမှားတတ်တာအပြင် နောက်ထပ်မှားတတ်တဲ့ အကျင့်ကတော့ ကာလာကို လွယ်လွယ် Pick Up Click လုပ်ပီး ယူတတ်တဲ့ အကျင့်ကြောင့်လည်း မှားတတ်ပါတယ်။ Monitor ပေါ်မှာ မြင်ရတာက တစ်ကာလာ၊ တကယ်တမ်း ပရင့်ထွက်လာတော့ တစ်ကာလာ၊ ဒါမျိုးကဖြစ်တတ်ပါတယ်။
အဲလိုမဖြစ်အောင် ဘယ်လိုပြင်ဆင်ရမလဲဆိုတော့ ကာလာလွယ်လွယ်ကလစ်ပီး ယူတတ်တဲ့အကျင့်ကို ဖျောက်ရပါမယ်။
ကာလာကလစ်ပီးယူတဲ့နေရာမှာ ကျွန်တော်ပုံထဲမှာပြထားသလို အမှတ်အသားလေးပေါ်လာမယ်ဆိုရင်တော့ မိမိကလစ်ထားတဲ့ကာလာဟာ တန်ဖိုးမမှန်ဘူးဆိုတာပါပဲ။ ဒါကိုပြင်မယ်ဆိုရင်တော့ ပေါ်လာတဲ့အမှတ်အသာလေးပေါ်ကို ကလစ်ခြင်းအားဖြင့် အနီးစပ်ဆုံးအရောင်ကို ရွေးချယ်ပေးပါလိမ့်မယ်။
နောက်တစ်ချက်က Printer က လက်ခံတာကို မသိပဲနှင့်ထုတ်လိုက်ခြင်းဖြစ်ပါတယ်
ကွန်ပျူတာမှာ RGB ဖြင့် ဒီဇိုင်းထိုင်ထားတာကို CMYK Printer ဖြင့်ထုတ်လိုက်မယ်ဆိုရင်တော့ အပေါ်က ပုံလိုပါပဲ ကာလာလွဲမှားစေနိုင်ပါတယ်။
မိမိအသုံးပြုနေသော Printer က RGB ဆိုလျှင် RGB ဖြင့် ဒီဇိုင်းထိုင်ပါ။ CMYK ဆိုရင်တော့ CMYK ဖြင့် ဒီဇိုင်းထိုင်ပါ။
(ဒီပြသနာက Vinyl စက်တွေမှာ အဖြစ်များပါတယ်။ အခုနောက်ပိုင်းစက်တွေကတော့ (၂) မျိုးသလုံးကို လက်ခံတဲ့ ၆ ရောင်စက်တွေရှိလာပါပီ)
RGB & CMYK သဘောတရား
ဒီဇိုင်းသမားတွေ ဒီဇိုင်းဆွဲတာပဲဖြစ်ဖြစ် ၊ ဓါတ်ပုံပြင်တာပဲဖြစ်ဖြစ် မဖြစ်မနေသုံးရမဲ့ကာလာ(၂)မျိုးကတော့ CMYK & RGB ပဲဖြစ်ပါတယ်။ CMYK နဲ့ RGB နဲ့က အမြင်အားဖြင့် တူသလိုရှိပေမဲ့ ကွာခြားချက်ကလေး တွေတော့ ရှိနေပါတယ်။
RGB ကတော့ (R) Red, (G) Green, (B) Blue ဆိုတဲ့ ကာလာ (၃) ရောင်ကိုအခြေခံထားပီးတော့ ကာလာတွေကိုဖွဲ့စည်းပါတယ်။
CMYK ကတော့ (C) Cyan, (M) Magenta, (Y) Yellow, (B) Black ဆိုတဲ့ ကာလာ (၄) ရောင်ကိုအခြေခံပီး တော့ ကာလာတွေကိုဖွဲ့စည်းပါတယ်။
RGB & CMYK ဟာ ကာလာစက်ဝိုင်းတစ်ခုအနေဖြင့်တည်ဆောက်ကြည့်မယ်ဆိုရင်တော့ အပြန်အလှန်သက်ရောက်မှုရှိနေပါတယ်။
ကာလာတွေမှာ ကိုယ်ပိုင် ကိန်းဂဏန်းတန်ဖိုးတွေရှိပါတယ်
RGB မှာဆိုရင်တော့ အမြင့်ဆုံးတန်ဖိုးက 255 ပါ။ ဥပမာ -- R = 255 (Red)
- G = 255 (Green)
- B = 255 (Blue) ပါ။
ပေါင်းစပ်ပုံစံအနေဲ့ကတော့ -
- R = 255 + G = 255 (Yellow)
- R = 255 + B = 255 (Magenta)
- G = 255 + B = 255 (Cyan)
- R = 255 + G = 255 + B = 255 (White)
(Web Designer တွေကတော့ # Code တွေနဲ့တွက်ပါတယ်။ RGB ကို # Code ဖြင့်ထည့်လည်းရပါတယ်။ ဖုန်းထဲမှာ Android Application လေးထည့်ပီးတော့ လွယ်ကူစွာအသုံပြုနိုင်ပါတယ်။)
CMYK မှာဆိုရင်တော့ အမြင့်ဆုံးတန်ဖိုးက 100 ပါ။ ဥပမာ -
- C = 100 (Cyan)
- M = 100 (Magenta)
- Y = 100 (Yellow)
- K = 100 (Black) (အနက်ရောင်စစ်စစ်တော့မဟုတ်ပါဘူး)
ပေါင်းစပ်ပုံစံအနေနဲ့ကတော့
- M = 100 + Y = 100 ( Red)
- C = 100 + Y = 100 (Green)
- C = 100 + M = 100 (Blue)
ဒီလိုပုံစံဖြင့် RGB နှင့် CMYK ဟာအပြန်အလှန်စပ်ဆက်နေပါတယ်။
ဗီနိုင်းဒီဇိုင်းသမားတွေအထိုင်များတာကတော့ CMYK ကာလာနဲ့ Resolution နည်းနည်းပါပဲ။ CMYK ကာလာကုတ်တွေကို အနည်းနဲ့အများသိထားဖို့လိုအပ်ပါတယ်။(အားလုံးရနေရင်တော့ ပိုကောင်းတာပေါ့)
Download Here With Ads
Download Here Free Ads
File Size : 42.3 MB
Download Here With Ads
Download Here Free Ads
File Size : 17 MB
အပေါ်ကပုံထဲက ကာလာကုဒ်တွေကို CMYK တန်ဖိုးတွေဖြည့်ပေးခြင်းဖြင့် အပြင်မှာမြင်တွေ့နေရတဲ့ ကာလာကို မလွဲမသွေရရှိမှာပါ။
CMYK Color Code တွေကို တင်ပေးထားပါတယ်။ ဆိုဒ်အပြည့်အကြည်မြင်ချင်ရင်တော့ Download ဆွဲထားပါ။ Customer လာရင် ကာလာဘားကို ထုတ်ပြပြီး ဘယ်အရောင်နဲ့ယူမလဲမေးပါ။ ဒါမျိုးက အားနာစရာမလိုပါဘူး။ ကာလာလွဲမှားသွားမယ်ဆိုရင် ၂ ဦး ၂ ဖက်အကျိုးမရှိပါဘူး။
(2014 တုန်းက DCA Myanmar New Year Show ပွဲနောက်ခံဒီဇိုင်းနှင့် ဆရာ၊ သူငယ်ချင်းအမှတ်တရ)
ကျေးဇူးတင်ပါတယ်။
ReplyDeleteCmyk And Rgb ကာလာအရောင်လွဲမှားပြီးမထွက်အောင်ပြင်ဆင်နည်း ~ Ecolay >>>>> Download Now
ReplyDelete>>>>> Download Full
Cmyk And Rgb ကာလာအရောင်လွဲမှားပြီးမထွက်အောင်ပြင်ဆင်နည်း ~ Ecolay >>>>> Download LINK
>>>>> Download Now
Cmyk And Rgb ကာလာအရောင်လွဲမှားပြီးမထွက်အောင်ပြင်ဆင်နည်း ~ Ecolay >>>>> Download Full
>>>>> Download LINK