Sunday 16 July 2017

How to create QR code with Android Phone

How to create QR code with Android Phone





QR Code တွေကို ဖုန်းနဲ့ဘယ်လိုပြုလုပ်ရမလဲဆိုတာကို အခုပိုစ့်လေးဖြင့် ရှင်းပြပေးပါမှာကတော့ QR Driod Code Scanner ဆိုတဲ့ Android Application Software လေးနဲ့ပါ။ ဒီကောင်လေးမှာက အားသာချက်တွေရှိပါတယ်။ QR Code ကို Scan ဖတ်နိုင်သလို Text တွေကို QR Code အဖြစ်လည်း Create လုပ်နိုင်စွမ်းရှိပါတယ်။ နောက်ပီး QR Code လုပ်ထားထဲ့ဓါတ်ပုံဖိုင် ကိုလည်း PNG and JPG ဆိုပီး File type 2 မျိုးဖြင့် သိမ်းနိုင်ပါတယ်။ တခြားလုပ်နိုင်စွမ်းတွေလည်းရှိနေပါသေးတယ် …. အသေးစိတ်သိချင်ရင်တော့ လက်တွေ့စမ်းကြည့်ပါလို့ပြောချင်ပါတယ်……….




ကျွန်တော်တို့အနေနဲ့ QR Code ကိုဖန်တီးမယ်ဆိုရင်တော့ Android ဖုန်းထဲမှာ QR Driod Code Scanner ဆိုတဲ့ ဆော့လ်ဝဲလ်လေးလိုအပ်ပါမယ်။ Google Play Store မှာ အခမဲ့ဒေါင်းယူနိုင်သလို ဒီနေမှာလည်း ကလစ်ပီးတော့ဒေါင်းယူ နိုင်ပါတယ်။


QR Driod လေးကို ဖုန်းထဲမှာ Install လုပ်ပီးပီဆိုရင်တော့ Application ကိုဖွင့်လိုက်တာနဲ့ Scan လုပ်တဲ့နေရာကိုရောက်သွားပါမယ်။



ဒါကတော့ ကျွန်တော် Scan လုပ်လိုက်တဲ့ဟာလေးပါ။ Scan ဖတ်တာကတော့ လွယ်ပါတယ်။ Scan ဖတ်ဖို့အတွက် Scan ဆိုတာလေးကို ကလစ်ပါ


ပုံထဲမှာမြင်ရတဲ့အတိုင်း Scan ကတော့ QR Code Scanner ပါ။ History ကတော့ Scan လုပ်ထားတာတွေကို ပြန်ကြည့်နိုင်ပါတယ်။ 


Create ကတော့ QR Code ဖန်တီးတဲ့နေရာမို့ Create ဆိုတာလေးကို ကလစ်ပါ



Create ထဲကမှ Plain Text ကိုရွေးပေးပါ

Plain Text ထဲရောက်ရင်တော့


စာရိုက်လို့ရတဲ့အကွက်လေးထဲမှာ မိမိ QR Code အဖြစ်ပြုလုပ်ချင်သော စာကိုရိုက်ထည့်ပြီး Enter text to convert to QR Code ဘေးက အစိမ်းကွက်လေးကို ကလစ်ပါ…..


ကျွန်တော်ကတော့ Blogger ဆိုတာလေးကို ဥပမာထည့်ရေးလိုက်ပါပီ


ပုံထဲက QR Code လေးကတော့ ကျွန်တော်ဖန်တီးလိုက်တဲ့ Blogger ဆိုတဲ့ QR Code လေးပါ။ Scan ဖတ်ကြည့်ရင်သိပါလိမ့်မယ်….ရလာတဲ့ QR Code ပုံလေးကို ဓါတ်ပုံအဖြစ် သိမ်းယူချင်ရင်တော့ Save ဆိုတာကို ကလစ်ပါ။ 


(အပေါ်ကအကွက်မှာ သိမ်းထားချင်သော ဖိုင်အမည်ကိုပေးရန်
အလယ်ကတော့ ဖိုင်သိမ်းထားချင်သော နေရာသတ်မှတ်ပေးရန်
အောက်ဆုံးကတော့ ဖိုင်အမျိုးအစားရွေးရန်)
Save လုပ်လိုက်ရင်ရပါပီး။


အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်...............



Share:

0 comments:

Post a Comment

Powered by Blogger.